HAIKYU!! The Dumpster Battle
ဇာတ်လမ်းလေးကတော့ အစဉ်အလာ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ Karasuno (ကရာစုနို) အထက်တန်းကျောင်းနဲ့ Nekoma (နီကိုးမား) အထက်တန်းကျောင်းတို့ Nationals (နိုင်ငံတော်အဆင့် ပြိုင်ပွဲ) မှာ ထိပ်တိုက်တွေ့ဆုံကြတဲ့အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ ဒီပွဲကို သူတို့ရဲ့ သင်္ကေတတွေဖြစ်တဲ့ "ကျီးကန်း" နဲ့ "ကြောင်" တို့ အမှိုက်ပုံမှာ တိုက်ခိုက်ကြတာကို အစွဲပြုပြီး "အမှိုက်ပုံက တိုက်ပွဲ" (The Dumpster Battle) လို့ ခေါ်ကြတာပေါ့။
ဇာတ်လမ်းရဲ့ အဓိက အနှစ်သာရကတော့ Karasuno ရဲ့ တက်ကြွလှတဲ့ ဟီနာတာ (Hinata Shoyo) နဲ့ Nekoma ရဲ့ ဉာဏ်ကောင်းပြီး အေးဆေးလွန်းတဲ့ Setter ကန်းမား (Kenma Kozume) တို့ရဲ့ ဆက်ဆံရေးနဲ့ ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ ကန်းမားက ဟီနာတာရဲ့ စွမ်းအင်တွေကို ဘယ်လို ထိန်းချုပ်ပြီး ကစားကွက်ဆင်မလဲ၊ ဟီနာတာကရော အဲ့ဒီ အကျဉ်းအကျပ်ထဲကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာကို ရင်သပ်ရှုမောဖွယ် Animation တွေနဲ့ မြင်တွေ့ရမှာပါ။
ဒါဟာ ရိုးရိုးတိုက်ပွဲတစ်ခုထက်မကဘဲ ရှုံးရင်ပြုတ်မယ့် "နောက်တစ်ခါ ပြန်ကစားလို့မရတဲ့ ပွဲစဉ်" ဖြစ်တာကြောင့် ကစားသမားတိုင်းရဲ့ ကြိုးစားအားထုတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ဘော်လီဘောအားကစား ရဲ့ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားရမယ့် ဇာတ်ကားကြီးပါခင်ဗျာ။